မျှော်လင့်မထားသော အင်တာဗျူး
လူကျပ်သိပ်နေသော လန်ဒန်မြို့၏ခရီးသည်တင်ရထားပေါ်တွင် နံနက်စောစော ရထားစီးသူတစ်ဦးက သူလမ်းကိုလာပိတ်သည့် အခြားခရီးသည်တစ်ဦးကို တိုးဝှေ့ကာ ကြိမ်းမောင်းပြောဆိုခဲ့သည်။ ၎င်းသည် အဓိပ္ပာယ်မရှိ၊ တစ်ဖက်သားက ဘာမျှ ပြန်မဖြေရှင်းရဘဲ ဤအတိုင်း မခံချိမခံသာဖြစ်ကျန်ခဲ့ရသည်။ နေ့လယ်ခင်းခန့်တွင် မထင်မှတ်သောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင် မန်နေဂျာတစ်ဦးသည် သူ၏ လူမှုကွန်ယက်မှ သူငယ်ချင်းများထံ စာတစ်စောင် ရေးပို့ခဲ့သည်။ ‘‘ဘယ်သူ အလုပ်အင်တာဗျူး လာဖြေသလဲဆိုတာ ခန့်မှန်းကြည့်ကြ ပါလား’’။ သူ့အဖြေကို ပြောပြသောအခါ ကမ္ဘာတစ်ဝန်းမှ လူများက မဲ့ပြုံး ပြုံးမိကြသည်။ မနက်က သင်တိုးဝှေ့ပြီး ဆဲဆိုကြိမ်းမောင်းခဲ့သူက အလုပ်အင်တာဗျူးတွင် သင့်ကို ကြိုဆိုနှုတ်ဆက်သူ ဖြစ်နေသောအခါ မည်သို့ဖြစ်သွား မည်နည်း။ မြင်ကွင်းကို မြင်ယောင် ကြည့်လိုက်ပါ။
ရှောလုသည်လည်း သူမျှော်လင့်မထားသူနှင့် ပက်ပင်းတိုးခဲ့သည်။ ‘‘သခင်ဘုရား၏လမ်းစဉ်တော်ကို လိုက်လျှောက်သောသူ’’ များကို (တမန် ၉း ၁-၂ -ခေတ်သုံး) သတ်ဖြတ်ရန်ခြိမ်းခြောက်လျက်…
အိမ်
စတီဗင် အမည်ရှိ အာဖရိကန်လူမျိုး ဒုက္ခသည်တစ်ဦးမှာ တိုင်းပြည်မဲ့သူတစ်ဦးဖြစ်သည်။သူသည် သူ့ကိုယ်သူ မိုဇမ်ဘစ် (သို့) ဇင်ဘာဘွေတွင် မွေးဖွားခဲ့သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း သူ၏ဖခင်မှာ မည်သူမှန်းမသိ၊ မိခင်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူ့မိခင်မှာ ပြည်တွင်းစစ်ကို ရှောင်တိမ်းရင်း တစ်နိုင်ငံမှတစ်နိုင်ငံသို့ လမ်းဘေး ဈေးသည်အဖြစ် လှည့်လည်သွားလာနေခဲ့သည်။ မှတ်ပုံတင်မရှိ၊ မွေးရပ်ဇာတိ နိုင်ငံကို သက်သေမပြနိုင်သည့်အတွက် စတီဗင် တစ်ယောက်
ဗြိတိန် ရဲစခန်းတစ်ခုတွင် သွားရောက် အဖမ်းခံခဲ့သည်။ နိုင်ငံသားတစ်ဦး၏လုပ်ပိုင်ခွင့်နှင့် အခွင့်အရေး မရှိသူအဖြစ် လမ်းပေါ်တွင် လျှောက်သွားနေခြင်းထက် ထောင်ထဲတွင် နေခြင်းက စတီဗင် အတွက် ပိုကောင်းနေသယောင် ဖြစ်သည်။
ဧဖက်မြို့သားများထံသို့ စာရေးချိန်တွင် တိုင်းပြည် မရှိဘဲ ဆိုးရွားစွာ နေထိုင်ရသည့် အခြေအနေကို ရှင်ပေါလု စဉ်းစားမိသည်။ တစ်ကျွန်းတစ်နိုင်ငံသား၊ အပြင်လူတစ်ဦးအဖြစ် နေထိုင်ရသည့် အခြေအနေကို ယုဒလူမျိုးမဟုတ်သည့် ဧဖက်မြို့သားများက သိနားလည်သည်…
ကိုယ်ပျောက်စေသော လက်စွပ်
ဂရိဒဿနိကဗေဒပညာရှင် ပလေတို (427-348 bc) သည် လူ့နှလုံးသားအမိုက်မှောင်မှ ထွန်းတောက်သောအလင်းရောင်ကို စိတ်ကူးဖြင့် ပုံဖော်တွေ့ရှိခဲ့သည်။ သူက မြေကြီး နက်နဲရာ၌ ဝှက်ထားသည့် ရွှေလက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့သည့် သိုးထိန်းတစ်ဦး အကြောင်း ပုံပြင်တစ်ပုဒ်ပြောပြသည်။ တစ်နေ့တွင် ငလျင်လှုပ်ပြီး တောင်စောင်းရှိ ရှေးဟောင်းသင်္ချိုင်းဂူကြီးပွင့်ကာ လက်စွပ်တစ်ကွင်း ပေါ်လာ သည်။ မထင်မှတ်ပဲ လက်စွပ်ကို သိုးထိန်းက တွေ့ရှိပြီး ထိုလက်စွပ်ကို စွပ်ထားသူသည် သူအလိုရှိသည်အတိုင်း ကိုယ်ယောင်ဖျောက်နိုင်ကြောင်း အံ့ဖွယ် မျက်လှည့်အစွမ်းကို လည်း သူသိလိုက်ရသည်။ မမြင်ရအောင် ကိုယ်ပျောက်စေ နိုင်စွမ်းနှင့် စပ်လျဉ်း၍ ပလေတို က “အဖမ်းခံရပြီး အပြစ်ပေးခံရမှာကို ပူစရာမလိုဘူးဆိုရင် လူတွေ အမှား မလုပ်ဘဲနေမှာလား”ဟု မေးခွန်းထုတ်ခဲ့သည်။
ရှင်ယောဟန် ခရစ်ဝင်ကျမ်းတွင် ထိုသဘောတရားကို သခင်ယေရှုက အခြားရှုထောင့်တစ်မျိုးဖြင့် ရှုမြင်ထားကြောင်း တွေ့ရသည်။ ကောင်းသောသိုးထိန်း ဖြစ်တော်မူသော သခင်ယေရှုသည်…
ကမ်းနား သစ်ပင်
ဤသစ်ပင်လေးအပေါ် မနာလိုဖြစ်မိသည်။ မြစ်ကမ်းနားတွင် ပေါက်ရောက်သဖြင့် မိုးလေဝသအစီရင်ခံစာကို မကြောက်၊ အပင်ခြောက်သွားနိုင်သည့် အပူချိန်ကိုမမှု၊ မရေရာသော အနာဂတ်အတွက် စိုးရိမ်စရာမလိုပေ။ မြစ်ရေကြောင့် အာဟာရနှင့် အအေးဓာတ်ရရှိသည်။ အရွက်များက နေရောင်ခြည်ကို ခံယူသည်။ အမြစ်များက မြေကြီးတွင် ခိုင်မာစွာ ကုပ်ထားသည်၊ အရွက်များက လေကို သန့်စင်ပေးသည်။ နေပူဒဏ်မှလွတ်အောင် သူ့အရိပ်၌ အများသူငါတို့ ခိုလှုံနိုင်သည်၊။
ဆန့်ကျင်ဘက်အားဖြင့် ပရောဖက်ကြီးယေရမိက ခြောက်သွေ့သော ချုံပုတ်ကို ညွှန်ပြသည် (ယေ ၁၇း၆)။ မိုးကုန်သည်နှင့် နေပူရှိန်ကြောင့် မြေသားခြောက်သွေ့သွား သည်။ ၎င်း၏အရွက်များ ညှိုးနွမ်းသွားပြီး မည်သူ့ကိုမျှ အရိပ် အသီးအပွင့် မပေးနိုင်။
အဘယ်ကြောင့် ပရောဖက်ကြီးက စိမ်းလန်းဖွံ့ဖြိုးသောအပင်နှင့် သွေ့ခြောက် သော အပင်ကို နှိုင်းယှဉ်ပြသနည်း။ သူ၏လူတို့အား ကျွန်ခံရာ အဲဂုတ္တုပြည်မှ အံ့ဖွယ်ရာ ကယ်နှုတ်ခဲ့ခြင်းကို ပြန်လည်သတိရစေရန်ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်း…
ထိုရှေ့နေ
၁၉၆၂ ခုနှစ် ဇွန်လတွင် ကလဲရင့် အားလ် ဂီးဒီယံ သည် ဖလော်ရီဒါ အကျဉ်းထောင်မှနေ၍ အမေရိကန် ပြည်ထောင်စု၏ တရားရေး အထက်လွှတ်တော်သို့ သူ မကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် စီရင်ချက်ချခဲ့ခြင်းကို ပြန်လည်သုံးသပ်ရန် လျှောက်ထားခဲ့သည်။ စာထဲ၌ ရှေ့နေလည်း မငှားရမ်းလိုကြောင်းလည်း ဖော်ပြပါရှိသည်။
တစ်နှစ်ကြာသောအခါ ဂီးဒီယံ ဗီ ၀ိန်းရိုက် အမှုတွဲသမိုင်းတွင် မိမိကိုယ်ကို ကာကွယ်ရန် ရှေ့နေ မငှားနိုင်သူများအတွက် နိုင်ငံတော်မှ ခွဲခန့်ပေးသော ပြည်သူ့ ကာကွယ်ရေးရှေ့နေကို အထက်လွှတ်တော်မှခွင့်ပြုရန် ဥပဒေချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ လွှတ်တော်မှ ခွဲခန့်ပေးသော ရှေ့နေ၏အကူအညီဖြင့် တရားပြန်ဆိုင်၍ အပြစ်မရှိကြောင်း ခိုင်လုံသဖြင့် လွတ်မြောက်ခဲ့သည်။
အကယ်၍ ကျွန်ုပ်တို့သည် အပြစ်မကင်းဆိုပါလျှင် ဘာဖြစ်မည်နည်း။ တမန်တော်ကြီး ရှင်ပေါလု၏ ဟောပြောချက်အရ ကျွန်ုပ်တို့အားလုံးသည် အပြစ်ရှိသည်။ သို့သော် ကောင်းကင်နိုင်ငံ၏တရားပလ္လင်မှ ကျွန်ုပ်တို့ကို ကာကွယ်ရန်နှင့် ၀ိညာဉ်များကိုစောင့်ရှောက်ရန်…
လေထဲ၌ ကြီးထွားခြင်း
ကမ္ဘာပေါ်၌ လေမရှိဟု စိတ်ကူးကြည့်ကြပါစို့။ လေမတိုက်၍ ကန်ရေပြင်က ငြိမ်သက် နေမည်။ သစ်ပင်ပေါ်မှကြွေကျသောသစ်ရွက်များလည်း လေထဲလွင့်ကြွေပါမသွား၊ လေမရှိသောနေရာ၌ သစ်ပင်များ လဲပြိုမည်ဟု မည်သူမျှမထင်၊ သို့သော် အရီဇိုးနား သဲကန္တာရ၌ ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ ၃ ဧက အကျယ် ရှိသော ဖန်လုံအိမ်ကြီး၌ လေမဲ့ဘောလုံးကြီး ဘိုင်အိုစဖီးယား ၂ အတွင်း စိုက်ပျိုးထားသော သစ်ပင်များသည် ပုံမှန်ထက် ကြီးထွားသော်လည်း ရုတ်တရက် ပြိုလဲကုန်ကြသည်။ ထိုဖြစ်စဉ်၏အဖြေကို သုတေသနပညာရှင်များ ရှာဖွေရာ သစ်ပင်များ ကြီးထွားခိုင်ခံ့ရန် လေထုဖိအား လိုအပ်ကြောင်း တွေ့ခဲ့ ကြသည်။
တပည့်တော်များ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် သခင်ယေရှုသည် ၎င်းတို့အား မိုးသက်မုန်တိုင်းနှင့် ကြုံတွေ့ စေသည်။ ကမ်းတစ်ဘက်သို့ကူးချိန်၌ လေပြင်းကြောင့် လှေသည် လူးလွန့်ကာနေသည်။ တပည့်တော်တို့ ကြောက်အားကြီးကာ ကိုယ်တော်ကို နှိုးသော်လည်း ကိုယ်တော်သည် နှစ်ခြိုက်စွာ အိပ်နေ၏။…
ရန်သူကို ချစ်ခြင်း
၁၉၅၀ ခုနှစ်တွင် ကိုရီးယား စစ်ပွဲဖြစ်ပွားသောအခါ ၁၅ နှစ်သားလေး ကင်ချင်ကျန်သည် တိုင်းပြည်ကို ကာကွယ်ရန် တောင်ကိုရီးယားတပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ သို့သော်လည်း စစ်ပွဲ၏အနိဌာရုံများကို သူခံနိုင်ရည်မရှိကြောင်း မကြာမီ သိလိုက်ရ သည်။ သူ့ပတ်လည်၌ သေဆုံးသွားသည့် ငယ်ရွယ်သော သူငယ်ချင်းများကို ကြည့်လျက် အသက်ဆက်ရှင်ခွင့်ပေးပါက ရန်သူကို ချစ်ပါမည်ဟု ဘုရားသခင်အား ဆုတောင်းကတိပြုခဲ့သည်။
နှစ်ပေါင်း ၆၅ နှစ်ကြာပြီးနောက်တွင် အဖြေရခဲ့သော
ထိုဆုတောင်းချက်ကို ဒေါက်တာကင် ပြန်ပြောင်း ဆင်ခြင် မိသည်။ မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ခြင်းနှင့် မြောက်ကိုးရီးယားနှင့် တရုတ်လူငယ်များ၏ပညာရေး အတွက် ဆယ်စုနှစ်တစ်လျှောက်လုံး ကူညီပေးခြင်းဖြင့် တစ်ချိန်က ရန်သူဟု သူသတ်မှတ်ထားသူများကြားတွင် မိတ်ဆွေ မြောက်မြားစွာ ရရှိနေပြီဖြစ်သည်။ ယနေ့တွင် သူသည် နိုင်ငံရေးရန်လိုမှုများ ရှောင်ရှားပြီး သူ့ကိုယ်သူ သခင်ယေရှု၌ ယုံကြည်ခြင်းကို ဖော်ပြသည့် အချစ်ဝါဒီသမားဟု အမည်ပေးထားသည်။
ပရောဖက်ယောနကလည်း…
အစက်များကို ဆက်စပ်ခြင်း
၁၈၈၀ ပြည့်လွန်နှစ်များက ပြင်သစ်ပန်းချီပညာရှင်ကြီး Georges Seurat သည် pointillism
ခေါ် ဆေးစက်ချ၍ ပုံဖော်သည့် ပန်းချီလက်ရာတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ သူသည် အနုပညာလက်ရာတစ်ခုကို ဖန်တီးရန် ရောစပ်ထားသော ရောင်ချယ်များကို စုတ်တံဖြင့် ဆေးချယ်မည့်အစား ဆေးစက်ကလေးများချခဲ့သည်။ အဆုံးတွင် သူ့လက်ရာသည် အစက်အပြောက်လေးများကို အုပ်စုဖွဲ့ထားသည်နှင့် တူသည်။ သို့သော် ပန်းချီလက်ရာကို ကြည့်ရှုသူအနေနှင့် ထိုအစက်များကို အရောင်တောက်ပသော ပုံတူပန်းချီကား များနှင့် ရှုခင်းပုံများအဖြစ်သာ တွေ့မြင်သည်။
သမ္မာကျမ်းစာ၏ကြီးမားသောရုပ်ပုံသည် ထို့အတူပင် ဖြစ်သည်။ အနီးကပ်ကြည့်လျှင် ရုပ်ပုံကားချပ်ပေါ်တွင် ဆေးစက်ချထားသည့်ပမာ နားမလည်နိုင်ဖြစ်ရသည်။ ကျမ်းစာကိုဖတ်သော် ကျွန်ုပ်တို့သည် ဧမောက်ရွာသို့ ခရီးသွား သော ကလောဖနှင့် သူ့မိတ်ဆွေကဲ့သို့ ဖြစ်ကောင်း ဖြစ်မည်။ ပဿခါသီတင်းပတ်၏ ကြေကွဲဖွယ်အဖြစ်အပျက်များကို သူတို့ နားမလည်နိုင်။ သခင်ယေရှုသည် “ဣသရေလလူ တို့ကို ရွေးနှုတ်ကယ်တင်ပေးမည့်သူ”(လု ၂၄း၂၁) ဟု…
အကောင်းဆုံးသော လမ်းခရီး
မဒဂါစကား ၏ အမှတ် ၅ အမျိုးသားလမ်းမကြီးသည် သဲဖြူဖြူ ကမ်းရိုးတန်း၊ အုန်းတော များနှင့်၊ အိန္ဒိယသမုဒ္ဒရာ၏အလှအပများနှင့် တည်ရှိသည်။ ၁၂၅ မိုင် ရှည်လျားသော နှစ်လမ်းသွား လမ်းမကြီးတွင် ကျောက်တုံးများ၊ သဲနှင့် ရွှံ့နွံများကြောင့် ကမ္ဘာ့အဆိုးဆုံး လမ်းများအနက် တစ်ခုဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို ကြည့်ချင်သည့် ကမ္ဘာလှည့်ခရီးသွားများအား လမ်းကြမ်းသွားနိုင်သော ဘီးမြင့်ကားကြီး၊ ကျွမ်းကျင်ယာဉ်မောင်းနှင့် စက်ပြင်ဆရာ တစ်ယောက်ပါမှ ထိုခရီးသွားသင့်ကြောင်း အကြံပေးကြ သည်။
ကြမ်းတမ်းသည့်လမ်း၊ ကန္တာရခရီးကြမ်းတွင် သွားလာနေရသူများအတွက် မေရှိယကြွလာပြီဆိုသည့် အကြောင်း သတင်းကောင်းကို ဗတ္တိဇံဆရာယောဟန် ဟောကြားခဲ့သည်။ ရှေးနှစ်ပေါင်းများစွာက ပရောဖက် ဟေရှာယပြောခဲ့သည့်စကားကို ထပ်ပြောပြီး သိလိုစိတ် ပြင်းပြနေသည့် လူထုအား ‘‘ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့’’ ဟု တိုက်တွန်း နှိုးဆော်ခဲ့သည် (လု ၃း၎-၅၊ ဟေ…
ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ပါ
မနုဿ ပညာရှင်တစ်ဦးသည် ကျေးရွာငယ်လေးတစ်ရွာ၌ လအတန်ကြာ သုတေသန ပြုစရာများ လုပ်ကိုင်ပြီးစီး၍ အိမ်ပြန်တော့မည်။ လေဆိပ်သို့ လိုက်ပို့ပေးမည့်ကားကို စောင့်ဆိုင်းနေရင်း ကလေးများအတွက် ကစားပွဲတစ်ခုလုပ်ပေးပြီး အချိန်ဖြုန်းရန် သူဆုံးဖြတ်လိုက်သည်။ သူက သစ်သီးနှင့်သကြားလုံးများထည့်ထားသည့်ခြင်းကို သစ်ပင်
ပေါ်ချိတ်ပြီး ကလေးများကို အပြေးပြိုင်စေသည်။ သို့သော် တာလွတ်ပြီး ပြေးရန်အချက်ပြလိုက်သောအခါ ကလေး တစ်ယောက်မျှ ပန်းတိုင်ဆီသို့ ပြေးမလာဘဲ အတူ လက်တွဲကာ သစ်ပင်ဆီသို့ ပြေးသွားကြသည်။
‘‘ဆုလက်ဆောင်ရရန် တစ်ယောက်ချင်း ပြေးခြင်းထက် အဘယ်ကြောင့် အဖွဲ့လိုက်ပြေးရသနည်း’’ ဟု မေးရာ ကလေးမလေးတစ်ဦးက ‘‘တစ်ယောက်တည်းက ဆုရလို့ ပျော်နေပြီး ကျန်တစ်ဖွဲ့လုံးက စိတ်မကောင်းဖြစ်နေလို့ ဘယ်ဖြစ်မလဲ’’ ဟု ဖြေလိုက်သည်။ ဤကလေးများသည် တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြခြင်းကြောင့် သစ်သီးခြင်းကို အတူတကွ ဝေမျှစားသုံးလိုခြင်းဖြစ်သည်။
မောရှေ၏ပညတ္တိကျမ်းကို နှစ်ပေါင်းများစွာ လေ့လာ ပြီးနောက် ပညတ္တိကျမ်း၏အချုပ်မှာ အချက်တစ်ချက်တည်းသာရှိကြောင်း…